စလင်းမြို့နယ်၌ မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

စလင်း သြဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့၏၊ လမ်းညွှန်ချက်များဖြင့် စလင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား မြို့ဝင်ကြေးဘီးခွန် ကောက်ခံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းနှင့် တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များလိုက်ပါ၍၊ စလင်းမြို့ ဘီးခွန်ကောက်ခံရေးဂိတ်သို့ သွားရောက်၍ မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော မော်တော်ယာဥ်များအား တာဝန်ရှိဝန်ထမ်းများ ပူးပေါင်းပါဝင်သောအဖွဲ့မှ၊ ဘီးခွန်ကောက်ခံခြင်းလုပ်ငန်းဆောင်ရွက် လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကောက်ခံစာရင်းဇယားများ ဖြည့်သွင်းဆောင်ရွက်ရေးတို့ကို ဝန်ထမ်းများအား မှာကြားခဲ့ကာ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ခဲ့သည်။

စလင်းမြို့နယ်အတွင်း မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ရာ၌ သြဂုတ်လ(၁)ရက်နေ့မှ စတင်ကာ မကွေးတိုစလင်းမြို့နယ်အတွင်းယာရေးအဖွဲ့၏ လမ်းညွှန်မှာကြားချက်များဖြင့် မြို့နယ်အတွင်းဖြတ်သန်းသွားလာသော  မော်တော်ယာဉ်များကို မြို့ဝင်ကြေး ဘီးခွန်ကောက်ခံဆောင်ရွက်လျက်ရှိကြောင်းနှင် စလင်းမြို့နယ် အခွန်ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုမရှိစေဘဲ မော်တော်ယာဥ်နှင့် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်အခွန်ဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မောင်လွင်(စလင်း)