ညောင်လေးပင်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်လေးပင် ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးမှ အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမများအား တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ/ဆရာမများ အလုံအလောက်ရှိစေရေး၊ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ကျောင်းခေါ်ချိန်များ ပြည့်မီရေး၊ ဆရာ/ဆရာမများ စည်းစည်းလုံးလုံးဖြင့် သင်ကြားနိုင်ရန်လိုကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တိုးတက်မြင့်မားစေရေးအတွက် အသီးသီးဆွေးနွေးပြောကြားကာ ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက အားနည်းချက်အပေါ် ဆွေးနွေးတင်ပြကာ ယခုနှစ် (၂၀၂၅/၂၀၂၆) ပညာသင်နှစ်တွ ်အောင်ချက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ခရိုင်အတွင်းရှိ မြို့နယ်ကျောင်းများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းအား တိုးတက်မြင့်မားစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် နိဂုံးချုပ် စကားပြောကြား၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)