ပခုက္ကူမြို့ ရွှေလမ်းမကြီးပေါ်သို့ သစ်ပင်လဲကျနေမှုအား ခုတ်ထွင်ရှင်းလင်း

ပခုက္ကူ ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁၁) ရပ်ကွက်၊ ရွှေလမ်းမကြီးပေါ်သို့ သစ်ပင်လဲကျနေမှုအား ယမန်နေ့ နံနက် ၇ နာရီအချိန်က ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ကြသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရှည်ပင်တစ်ပင်ဖြစ်သည့် မန်ကျည်းပင်ကြီးမှာ ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ ရွှေလမ်းမကြီးပေါ်သို့ လဲကျကာ လမ်းပိတ်ဆို့နေကြောင်း သတင်းရရှိသဖြင့် ယမန်နေ့ နံနက်ပိုင်းက ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများအန္တရာယ်ကင်းစေရေးအတွက် စနစ်တကျခုတ်ထွင်း ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ဘာမီသာ(ပခုက္ကူ)