မော်လိုက် ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် မိခင်နို့တိုက်ကျွေးခြင်းပညာပေးဟောပြောပွဲနှင့် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉ နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်စိုး၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိခင်နှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်ဆရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိခင်နှင့်ကလေးအသင်းစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုဝေက ကလေးများအာဟာရဖွံ့ဖြိုးစေရေးနှင့် မိခင်နို့တိုက်ကျွေးခြင်းပညာများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက မိခင်နို့တိုက်ကျွေး ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအမှတ်ပေးခဲ့ကြပြီး ဆုရရှိသူများကို အသီးသီးဆုများချီးမြှင့်ပေး အပ်ခဲ့ကြသည်။
၎င်းနောက် (၆)လအောက်နှင့် (၆)လအထက် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံနေမှုများတွင် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုထက်(ပြန်/ဆက်)