ဟင်္သာတ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီအားက စားပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆုပေးပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီးနောက် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါ မောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က ပိတ်ပွဲ အထိမ်းအမှတ်နှင့် ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ အလိုက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ဘောလုံးအားကစား ပြိုင်ပွဲတွင် အမျိုးသား ပထမဆုရ All star အသင်းနှင့် အမျိုးသမီး ပထမဆုရ (ပထမနှစ်) အသင်းတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်မှ တံခွန်ဆိုက်ဆုဖလားနှင့် ငွေသားဆုများချီးမြှင့်ခြင်း၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်၊ ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေး၊ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သိန်းဝင်း၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ အားကစားကော်မတီဥက္ကဋ္ဌ ဦးဝင်းမြတ်ထွဋ်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ပြိုင်ပွဲဝင် အသင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)