စလင်းမြို့နယ်တွင် ကျန်းမာရေးချို့တဲ့သူ ဝေဒနါရှင်များအား သြဂုတ်လ ပထမပတ် (အခမဲ့) ဒို့မေတ္တာဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေး

စလင်း သြဂုတ်၂

မကွေးတိုင်းဒေသကြီး၊   မင်းဘူးခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ (အခမဲ့) ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယနေ့ နေ့လယ် (၁) နာရီအထိ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူ ပြည်သူများအား သြဂုတ်လပထမပတ် ဆေးကုသပေးကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးချို့တဲ့သူ ဝေဒနါရှင် ရဟန်းရှင်လူ ပြည်သူများအား ဒို့မေတ္တာ (အခမဲ့) ကုသိုလ်(၈)မျိုး နာရေးကူညီမှုအသင်းမှ စေတနာဆရာဝန်(၃)ဦး တိုင်းရင်းဆေးဆရာ (၁)ဦး အကြောပြင်ဆရာ(၁)ဦး ဆေးဝါးကျွမ်းကျင် စေတနာရှင် (၃၅) ဦးတို့ဖြင့် စုပေါင်း၍ ကျန်းမာရေးချို့တဲ့သူ ဝေဒနါရှင်များအား အမည်စာရင်းများ ကောက်ယူ၍ စည်းကမ်းတကျ အလှည့်ကျဆေးကုသခံယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရေဂါဝေဒနာအား စမ်းသပ်စစ်ဆေး၍ စားဆေးသောက်ဆေးများ ပေးဝေ၍  အခမဲ့ကုသပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ စာရင်းပေးသွင်းထားသူ (၄၀၀)ကျော်အား စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆေးခန်းအား စတင်တည်ထောင်သည့်နေ့မှစ၍ လစဥ်နှစ်စဥ် ပြည်သူများ ထည့်ဝင်လှူဒါန်းလျက်ရှိရာ ယနေ့ သြဂုတ်လ (၂) ရက်နေ့အထိ ပြည်သူထည့်ဝင်လှူဒါန်းမှုများဖြင့် သွေးတိုး ဆီးချိုရောဂါမှအစ အကြောဝေဒနာရှင်များအထိ အခမဲ့ ကုသပေးလျက်ရှိကြောင်း ဒို့မေတ္တာ(အခမဲ့)ဆေးခန်းမှ သိရသည်။

မောင်လွင်(စလင်း)