မြောင်းမြ သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အနာဂါတ်လူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးကြီးထွားစေရန်အတွက် နွားနို့များတိုက်ကျွေးခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီက အ.ထ.က (၃) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားနှင့် နွားနို့သောက်ခြင်းသည် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်း၊ အရိုးအဆစ်များ သန်မာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အ.ထ.က (၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၇၈) ဦးအား နွားနို့များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)