ဘီးလင်း ဩဂုတ် ၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဇူလိုင် ၂၇ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက်/ ကျေးရွာမြေနိမ့်ပိုင်းနေရာရှိ နေအိမ်များ၌ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား သက်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေးစခန်းမျာသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြစ်ရေသည် ဇူလိုင်၂၉ ရက် မွန်းလွဲပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂)စင်တီမီတာအထက် (၁၀၇၇)စင်တီမီတာသို့ (၅၅)စင်တီမီတာ ကျော်လွန်ရောက်ရှိလာသည့်အတွက် မြို့ပေါ်မရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၉)အုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရေဘေးသင့်ဒေသမှပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏စီစဥ်မှုဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၇)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၁၃၂၅)စုမှ လူဦးရေစုစုပေါင်း (၅၁၂၉)ဦးတို့အား ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)