ရေနံချောင်း ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေ တိုက်စားကာ ကမ်းပါးပြိုဘေးအန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ကြသည့် မာန်မြေကျေးရွာအုပ်စု မိန်းမလှကျွန်းကျေးရွာမှ အိမ်ခြေ ၂၄ လုံးနှင့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် တာဝန်ရှိသူများက ဇူလိုင် ၁၆ ရက်နေ့က မြစ်ကမ်းပြိုဘေးကြောင့် ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ခဲ့ကြသည့် မိန်းမလှကျွန်းကျေးရွာမှ အိမ်ခြေ ၂၄ လုံး၊ အိမ်ထောင်စု ၂၄ စုမှ လူဦးရေ ၁၀၈ ဦးတို့အတွက် ဆန်ရိက္ခာဖို့နှင့် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ စုစုပေါင်း (၂,၉၄၀,၀၀၀) ကျပ်ကို ကျေးရွာတာဝန်ခံနှင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)