ခန္တီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်

ခန္တီး ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖွဲ့စည်းတည်ဆောက်ပုံအား သိရှိနားလည်စေရန်နှင့် ကိုင်တွယ်အသုံးပြုပုံများအားသိရှိစေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ နည်းပညာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ စာရေးများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ ဦးသိန်းထွန်းဦးက MEVM စက် ဖွဲ့စည်းတည်ဆောက်ထားပုံများနှင့်ပတ်သက်၍လည်းကောင်း၊ ကိုင်တွယ်အသုံးပြုပုံများနှင့်ပတ်သက်၍လည်းကောင်း၊ မဲပေးပုံနည်းစနစ်များနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက လက်တွေ့စမ်းသပ်မဲပေးခြင်းများပြုလုပ်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသိန်းထွန်းဦးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)