သဲကုန်း ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပညာရေးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်၊ ဒုတိယမြို့နယ်ပညာရေးမှူးများနှင့် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်းများ၊ အထက်တန်းကျောင်း(ခွဲ)များ၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် မူလတန်းကျောင်းတိုက်နယ်မှူး ကျောင်းအုပ်ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်က ကျောင်းအုပ်များအနေဖြင့် မိမိတို့ကျောင်းအလိုက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုကောင်း မွန်ရေးနှင့် ကလေးများပညာရေးအရည်အသွေးတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ပေးနေချိန်တွင် မိမိတို့ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်းများအလိုက် စာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ သင်ကြားရေးအထောက်အကူပြု ပစ္စည်းများနှင့်လည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ပညာကိုစဉ်ဆက်မပြတ်လေ့လာသင်ကြားရန်လိုကြောင်း "အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက" ဆိုသည့်အတိုင်း စည်းကမ်းရှိသောလူငယ်များဖြစ်စေရန်လေ့ကျင့်သင်ကြားပေးစေလိုကြောင်း၊ ကျောင်းများတွင် ဆရာ၊ ဆရာမများအား တာဝန်ခွဲဝေချထားဆောင်ရွက်ရန်နှင့်တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ယနေ့အစည်းအဝေးတွင် ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းအုပ်ဆရာ၊ ဆရာမတို့က ကျောင်းများဖွံ့ဖြိုး တိုးတက်ရန်ဆောင်ရွက်နေသည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)