မြောင်းမြမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)တပ်ဆင်အသုံးပြုခြင်း သင်တန်းနောက်ဆုံးအမှတ်စဥ်အဖြစ် ဖွင့်လှစ်သင်ကြား

မြောင်းမြ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့ နံနက်(၉:၃၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား တပ်ဆိုင်ကိုင်တွယ်အသုံးပြုခြင်း သင်တန်းနောက်ဆုံးအမှတ်စဥ်အဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

၄င်းသင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အား တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပညာများကို မဲစာရင်းများ မှန်ကန်တိကျစေရေးနှင့် မဲရုံဝန်ထမ်းများအဖြစ် ပါဝင်ကြရမည့်သူများအား စွမ်းရည်ပြည့်ဝစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းနောက်ဆုံးအမှတ်စဥ်အား မြောင်းမြမြို့မှ ဆရာ၊ ဆရာမများပါဝင်သည့် သင်တန်းသား ၁၂၃ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအမှတ်စဥ် (၁) မှ နောက်ဆုံး အမှတ်စဥ်အထိ သင်တန်းသားဦး​​ရေ စုစုပေါင်း (၁၁၀၀) ဦးအား မဲပေးစက်တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းများကို စနစ်တကျ သင်ကြားဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အောင်ဖြိုး