ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူမှု သင်တန်းဖွင့်လှစ်

ရေတာရှည် ဇူလိုင် ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှဦးဆောင်၍ သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူမှုသင်တန်းကိုနေ့နံနက် ၉ နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းကအဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်ယွန်းပန်းအိမ်က ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များအား သတ်မှတ်ထားသည့်ဇယားပုံစံဖြင့်ဖြည့်စွက်နည်းနှင့် ဖြည့်စွက်ထားသောစာရင်းအချက်အလက်များကို သက်ဆိုင်ရာဌာနအလိုက်ကောက်ယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ပေးပို့ရမည်ဖြစ်ကြောင်း စာရင်းကောက်ယူပုံနှင့်ဖြည့်စွက်ရမည့်ဇယားများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ရေတာရှည်မြို့နယ်အတွင်းရှိဌာနပေါင်းစုံမှ အရာထမ်းနှင့်အမှုထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)