သာယာဝတီ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် အမှတ်(၁၄) မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)၏ လယ်ယာမြေရှစ်ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် KUBOTA ခြောက်တန်းသွားကောက်စိုက်စက်ဖြင့်စိုက်ပျိုးသရုပ်ပြသခဲ့ပြီး စိုက်ပျိုးရာတွင် လယ်တစ်ဧကလျှင် တစ်နာရီခန့်သာကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ်သက်သာစေမည်ဖြစ်ကြောင်း ဒေသခံတောင်သူအနေဖြင့်ကောက်စိုက်စက်ဖြင့်စိုက်ပျိုးမည်ဆိုလျင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးကူညီဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။
သရုပ်ပြပွဲသို့ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်ဌာနဆိုင်ရာများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်သူနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)ကျောင်းသား၊ ကျောင်းသူများ၊ ဒေခံတောင်သူများကလေ့လာကြည့်ရှုခဲ့သည်။
လယ်ယာလုပ်ငန်းခွင်တွင် လုပ်သားရှားပါးခြင်းကိုဖြေလျော့နိုင်ရေး၊ လုပ်အားကုန်ကျမှုသက်သာစေရေး၊ ကောက်ကွက်ဝင်ဆံ့မှုတိကျမှန်ကန်စေရေး၊ အချိန်တိုအတွင်းလုပ်ငန်းပြီးစီးမှုလျင်မြန်စေရေး၊ လက်မှုလယ်ယာစနစ်မှစက်မှုလယ်ယာစနစ်သို့ကူးပြောင်းရာတွင် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာသုံးစက် ကိရိယာများဖြင့် ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်လာစေရေးရည်ရွယ်၍ သရုပ်ပြပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)