ကျွန်းလှ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး Top Ten ဝင်သည့် ဟိန်းကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်ဟိန်းမင်းထွဠ် (လေးဘာသာဂုဏ်ထူးရှင်)နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး Top Ten ဝင်ပြီး လေးဘာသာဂုဏ်ထူးရရှိအောင် ကြိုးစားခဲ့ပုံပြောပြပါအုံး။
ဖြေ ။ ကျွန်တော် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိအကြိမ်) ပြန်လည်ဖြေဆိုဖို့အတွက် ပထမအကြိမ် ဖြေဆိုခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး ဆရာ၊ ဆရာမများရဲ့ ညွှန်ကြားမှုနဲ့ တစ်နေ့တစ်နေ့ အချိန်ဇယားအတိုင်း ပုံမှန်ကျက်မှတ်ခဲ့ပါတယ်။ စာသင်ကြားနေတဲ့ အချိန်တွေ မှာလည်း အာရုဏ်စိုက်ပြီး သင်ကြားခဲ့ခြင်းကြောင့် အခုလို အောင်မြင်မှုရရှိပါတယ်။
မေး ။ မြန်မာတစ်နိုင်လုံးမှာ Top Ten ဝင်တဲ့အတွက် စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ ။ ကျွန်တော် လေးဘာသာဂုဏ်ထူးရရှိပြီး မြန်မာတစ်နိုင်ငံလုံးမှာ Top Ten ဝင်တဲ့အတွက် အတိုင်းမသိဝမ်းသား ပျော်ရွှင်မိပါတယ်။ မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမများနဲ့ အဘိုးအဖွားများ၊ မိဘဆွေမျိုးတွေလည်း ဝမ်းသာနေကြပါတယ်။
မေး ။ တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်တဲ့အတွက် ရည်မှန်းချက်ကို ပြောပါအုံး။
ဖြေ ။ နိုင်ငံတော်က အားထားရရှိပြီး ထူးချွန်ထက်မြက်တဲ့ အနာဂတ်လူငယ်လူရွယ်တွေကို မွေးထုတ်ပေးမယ့် ပညာရေးတက္ကသိုလ်တက်ပြီး ကျောင်းဆရာလုပ်ဖို့ရည်ရွယ်ထားပါတယ်။
မေး ။ အခုပညာသင်နှစ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူများကို အကြံပြု တိုက်တွန်းချက်လေးပြောပါအုံး။
ဖြေ ။ ညီးလေး ညီမလေးတို့အနေနဲ့ မိဘများရဲ့ဆိုဆုံးမမှုကို လိုက်နာပြီး ဆရာ၊ ဆရာမများရဲ့ သင်ကြားမှုကို ဂရုတစိုက် လေ့လာကျက်မှတ်ဖို့လိုပါတယ်။ မိမိတို့ရည်မှန်းချက် ပန်းတိုင် ရောက်အောင် ကြိုးစားကြစေလိုကြောင်း အကြံပြုတိုက်တွန်းလိုပါတယ်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) ပြန်လည် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၂၄၄) ဦးရှိပြီး အောင်မြင်သူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ လေးဘာသာမှ တစ်ဘာသာထိ ကျောင်းသား၊ ကျောင်းသူ (၅၁) ဦး ဂုဏ်ထူးဖြင့် အောင်မြင်ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို