ရွှေဘိုတက္ကသိုလ်၌ (၂၀၂၄-၂၀၂၅) နှင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး​​ ​ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကျင်းပ

​ရွှေဘို ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ (၂ဝ၂၄-၂ဝ၂၅) နှင့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီ​ဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ရာ အား​ကစား​ခေါင်း​ဆောင်နှင့်ပြိုင်ပွဲဝင် အားကစားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ဖွင့်လှစ်​ပေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ​ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်မျိုးမျိုးက ကျောင်းသား​မောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သော လူငယ်​လေးများဖြစ်​အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူး​ပေါင်းပါဝင်သည့် အ​လေ့အထ​ကောင်းရရှိ​စေရန် အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုများရရှိကာ ချစ်ခင်ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာဖြစ်ကြောင်း ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ​ ပေါ်ထွက်​စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ် ကျင်းပ​ပေးသွားမည်ဖြစ်ပြီး​ကြောင်း ​ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသားအသင်း(၃)သင်း အမျိုးသမီးအသင်း(၃)သင်း ပါဝင်ကစားမည်ဖြစ်ပြီး ဖွင့်ပွဲတွင် အမျိုးသား​ရုက္ခ​ဗေဒအသင်းနှင့် ညွန့်​ပေါင်းအသင်းတို့ ယှဥ်ပြိုင်ကစားရာ ပါ​မောက္ခချုပ် ဆရာမကြီး၊ ဒုတိယပါ​မောက္ခချုပ်ဆရာမကြီးနှင့် ပါမောက္ခဌာနမှူးများ၊ သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊  တက်ရောက်အား​ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)