နတ်တလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

နတ်တလင်း ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား/လူငယ်များ နိုင်ငံ့အနာဂတ် လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆိုင်ရာ ကော်မတီအသီးသီးဖွဲစည်းထားရှိမှုများနှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်မှ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးကော်မတီအတွင်းရေးမှူး နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်လာကြသော ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ကဏ္ဍတစ်ခုခြင်းအလိုက် သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြရာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)