ကလေး ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် Book Club အဖွဲ့ဝင် ဦးထွန်းငြိမ်းက စာရေးဆရာ အောင်သင်းရေးသားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ပါ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပွဲ(Talk Show)များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)