လိပ်သိုဒေသ၌ တိုင်းရင်းကြက်များ စီးပွားဖြစ်တိုးချဲ့မွေးမြူလာ

လိပ်သို ဇူလိုင် ၃၀

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံများမှာ အိမ်မွေးတိုင်းရင်းကြက်များကို တစ်နိုင်တစ်ပိုင်မွေးမြူလာခဲ့ကြရာမှ ယခုအခါ မိသားစုဝင်ငွေတိုးပွားရရှိရန် စနစ်တကျ တိုးချဲ့မွေးမြူလာကြကြောင်းသိရသည်။

ထိုသို့ တိုးချဲ့မွေးမြူကြရာတွင် ယခင်ကကြက်များအနာရောဂါကျရောက်ပြီး ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ကြသော်လည်း ယခုအခါတွင် စနစ်တကျမွေးမြူခြင်း၊ ကြက်နာရောဂါများကို ကြိုတင် ကာကွယ်ရေး နည်းစနစ်များနှင့် ရောဂါကာကွယ်ဆေးများကို စနစ်တကျသုံးစွဲလာကြပြီဖြစ်၍ ရောဂါဖြစ်ပွားမှု နည်းပါးလာကာ အကျိုးအမြတ်များရရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် တိုင်းရင်းကြက်များကို အိမ်ခြံဝန်းနှင့် ဥယျာဉ်ခြံများတွင် စီးပွားဖြစ် တိုးချဲ့ မွေးမြူလာခဲ့ကြရာ  တစ်ပိဿာလျှင် ကျပ် ၂၅၀၀ဝ မှ ၃၀၀၀ဝ အထိ ရရှိကြောင်း တိုင်းရင်းကြက် စီးပွားဖြစ်မွေးမြူသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ်