ပေါင်းတည် ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကြူတောကန်ကျေးရွာ အုပ်စု၊ နတ်ပုတီးကျေးရွာ၊ ဇီးတောကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းလှိုင်တက်ရောက်အမှာစကာပြောကြားသည်။ ဆက်လက်၍ ပြည်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဖြိုးဖြိုးအောင်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးစေရေးအတွက် ကုန်ထုန်လုပ်ရေးနည်းပညာ(ဆပ်ပြာဆီ)သင်တန်းလာရောက်ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်၀င်းလှိုင်နှင့် ဇနီးဒေါ်နှင်းနှင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့်ဇနီးဒေါ်ခိုင်မာလွင်၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဌေးလွင်စိုးတို့ကသင်တန်းသားများအား ဆပ်ပြာဆီကုန်ထုတ်လုပ်ရေးနည်းပညာသင်တန်းအတွက် လုပ် ငန်းသုံးပစ္စည်းများကိုအသီးသီး ပေးအပ်ကြသည်။
ယင်းနောက် ပြည်ခရိုင်၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်း၌ခင်းကျင်းပြသထားသည့် ဆပ်ပြာဆီထုတ်လုပ်ရန်လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများကိုရှင်းလင်းပြသပြီးနောက် သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ထိုသင်တန်းဖွင့်ပွဲသို့ သင်တန်းသူများနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အသင်းအဖွဲ့၀င်များ၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များတက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ ၁၅ ဦးအား ၇ ရက်ကြာသင်ကြားပို့ချမည်ဖြစ်ကြောင်းနှင့် ထိုသင်တန်းသူများက ကျေးရွာအတွင်းဆင့်ပွားသင်တန်းများ ဆက်လက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရွှေသား