တောင်ငူ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့်ထန်းတပင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ဒိုးသောင်တံတားမှာ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်တွင် တံတားအလယ်ဗဟိုရှိ ရေလယ်တိုင် တစ်တိုင်(၅)ပေ ခန့်နိမ့်ကျသွားကြောင်းသိရသည်။
အဆိုပါ တံတားမှာ အလျားအရှည် (၄၀၀)ပေ၊ အကျယ် (၂၄)ပေရှိပြီး၊ (၂၀၁၄)ခုနှစ်တွင် တံတားအထူးအဖွဲ့(၆)မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ဖြစ်ကာ၊ အလယ်မြောင်-ကျောက်ကြီး-စစ်တောင်း-မုပ္ပလင်လမ်း၊ မိုင်တိုင် (၄/၅-၄/၆) ကြားတွင် တည်ရှိပြီး သောက်ရေခပ်ဆည်မှ ရေပို့လွှတ်မှုနှင့်မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် သောက်ရေခပ်ချောင်းရေမြင့်တက်လာခဲ့ရာမှ တံတားအလယ်ဗဟိုရှိ ရေလယ်တိုင် တစ်တိုင်(၅)ပေ ခန့်နိမ့်ကျသွားခဲ့ကြောင်း တောင်ငူခရိုင်လမ်းတံတားဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)