ထားဝယ် ဇူလိုင် ၃၀
တနင်္သာရီတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ကြီးကြပ်မှုဖြင့်သစ်တောဦးစီးဌာနနှင့် ထားဝယ်ပညာရေးကောလိပ်တို့ပူးပေါင်း၍ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု ICM အစီအစဉ်ပထမ(၅)နှစ် စီမံချက်အရဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင်ထားဝယ်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးရဲဝင်းအောင်က ဒီရေတော ထိန်းသိမ်းရေးအကြောင်း၊ ဒီရေတောများ၏အကျိုးကျေးဇူးများနှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော လုပ်ငန်းဆိုင်ရာအကြောင်းအရာများ စသည့်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်တက်ရောက်လာသောဆရာ/ဆရာမများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)