မဒေါက် ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ဇူလိုင်လ (၂၈)ရက်နံနက်ပိုင်းက စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မဒေါက်မြို့ မြို့မ(၁)ရပ်ကွက်အတွင်းရှိ ကျောင်းကြီးပိုင်း(၁၊၂) ဘုရားဖြူပိုင်း၊ မွန်စုပိုင်း၊ စျေးပိုင်း၊ ကျောင်းသစ်ပိုင်း၊ အင်းချောင်ပိုင်းနှင့်မြို့မ(၂)ရပ်ကွက်အတွင်းရှိ တာပိုင်း၊ ငွေသောင်ယံပိုင်း၊ နတ်စင်လမ်းစသည့်နေရာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အတွက် မြို့မ(၁)ရပ်ကွက် အင်းချောင်ဘုန်းကြီးကျောင်းဟောင်းတွင်ဖွင့်လှစ်သည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ အိမ်ခြေ(၅၉)ခု၊ အိမ်ထောင်စု(၅၉)စု၊ လူဦးရေကျား(၈၈)ဦး၊ မ(၁၂၄)ဦး၊ စုစုပေါင်း (၂၁၂)ဦးအား ယာယီပြောင်းရွှေ့ထားပါကြောင်း သိရသည်။
အဆိုပါပြောင်းရွှေ့ထားသည့် အိမ်ထောင်စုများအား ချက်ပြုတ်ရေးအဖွဲ့များဖွဲ့စည်းထားရှိပြီး စားသောက်ရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥများ ထောက်ပံ့စီစဥ်ပေးလျက်ရှိကြောင်း မဒေါက်မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)