ကဝ ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့်ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၄ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် ဘုမ္မစိုးကျေးရွာအတွင်းမှ တောင်သူ (၉)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၆၅)ဧကအတွက် စုစုပေါင်းငွေကျပ် (၉၇၅၀၀၀၀)ကို ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည်ပေးဆပ်ပြီး တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)