ပေါင်းတည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းဟောင်းများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းဟောင်းများအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့နံနက် ၉ နာရီခွဲမှစ၍ UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုသည် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေချောမွေ့လွယ်ကူစေရန်နှင့် လုပ်ငန်းဆောင်ရွက်မှု လျင်မြန်စေရန်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရပြီး ယမန်နေ့တွင် မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက အနီးကပ်စီမံကြီးကြပ်၍ လဝကမှူးများ၊ ဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းဟောင်းများ၏ ဇီဝအချက်အလက်များ ကောက်ယူစိစစ်ခြင်းလုပ်ငန်းများ‌‌အား ဆောင်ရွက်ပေးကာ UID ကတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား (IPRD)