အင်္ဂပူ ဇူလိုင်၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ယနေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်သမဝါယမအသင်းအမှုဆောင်နှင့် အသင်းဝန်ထမ်းများ သမဝါယမ မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာများက သင်ကြားမည့် ဘာသာရပ်များကိုရှင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၉ ရက်နေ့မှ ဩဂုတ်၃ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် သမဝါယမ သဘောတရားနှင့် ငွေစာရင်းပညာ၊ စားရေး၊ စာရင်းကိုင်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနရုံးမှ သိရသည်။
မန်းကျော် (ပြန်/ဆက်)