ဟင်္သာတမြို့နယ်တွင် E-Govemment လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ဟင်္သာတ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ E-Govemment လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ဟင်္သာတခရိုင်  ဆိုက်ဘာလုံခြုံရေး အသိပညာပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က e-Government လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍  e-Government လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေး အသိပညာပေးအဖွဲ့မှ အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခြင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက် လာသော ခရိုင်အဆင့်ဌာနဆိုင်ရာများအနက် ဆက်သွယ်ရေး/ပုဂ္ဂလိက ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော သက်ဆိုင်ရာလုပ်ငန်းများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများက အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေး‌နွေးပွဲသို့ ဟင်္သာတခရိုင် ဆိုက်ဘာလုံခြုံရေးအသိပညာပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေးအဖွဲ့ အဖွဲ့ဝင်များ ၊ ဟင်္သာတခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊  တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)