စေတုတ္တရာမြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

စေတုတ္တရာ  ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦး‌ဆောင်၍ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီက  အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှူးရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ် သတိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မိသားစု လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် ဓာတ်အားလိုင်းကြိုးများ၊ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ၊ ကျိုးကျနေခြင်း၊ ဆားဗစ်ကြိုးများ လျော့ကျနေခြင်း၊ ပြတ်ကျခြင်းများဖြစ်ပါက ကိုင်တွယ်ခြင်းမပြုရ၊ လျှပ်စစ်ရုံးသို့ အကြောင်းကြားပေးရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသောခန္ဓာကိုယ်၊ ရေစိုအဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်းမပြုရန်နှင့် တမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရန်တို့ပါရှိသော လက်ကမ်းစာစောင်အား ဖြန့်‌ဝေပေးခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)