ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေ

ငွေဆောင် ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသွားလာနေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ငွေဆောင်နယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီအချိန်တွင် နှာခေါင်း စည်းများကို အခမဲ့ ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စခန်းမှူးရဲအုပ်ညီညီနိုင်နှင့်တပ်ဖွဲ့ဝင်များသည် ငွေဆောင်မြို့အတွင်း လူအသွားအလာများသော နေရာများနှင့်မြို့အဝင်ဂိတ်တို့တွင် ဖြတ်သန်းသွားလာ နေကြသော ပြည်သူများအား နှာခေါင်းစည်း(၁၀၀၀)ခုအခမဲ့ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရဲအုပ်ညီညီနိုင်က ပြောသည်။

မူမူသွင်(ပြန်/ဆက်)