ကန့်ဘလူ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ၊ ဝန်ထမ်းများစျေးနှုန်သက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အတွက် စားအုန်းဆီများ ရောင်းချပေးခြင်းကို ဇူလိုင် ၂၆ ရက်နံနက် ၈ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆီကုန်သည်ကြီးများအသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့များက လာရောက်ဝယ်ယူသူ ပြည်သူများအလွယ်တကူဝယ်ယူနိုင်ရေးတို့အတွက် စီစဥ်ဆောင်ရွက်ပေး ကာ ၁ ပိဿာလျှင် ၇၄၀၀ နှုန်းဖြင့် တစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားကို ၃၇၀၀ ကျပ် နှုန်းဖြင့် စျေးနှုန်းသက် သာစွာဖြင့် ရောင်း ချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)