ပုသိမ်မြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၅၂.၄၇ ရာခိုင်နှုန်းဖြေဆိုအောင်မြင်

ပုသိမ်     ဇူလိုင်     ၂၈

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနအသီးသီးတို့တွင် ထုတ်ပြန်ခဲ့ရာ အောင်မြင်သူ စုစုပေါင်း (၁၂၀၂)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း (၅၂.၄၇)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပုသိမ်မြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူ (၂၂၉၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၂၀၂)ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ၆ ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် (၁၀)ဦး၊   ၄ ဘာသာဂုဏ်ထူးရှင် (၁၀) ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၂၅) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၃၂)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၈၉)ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၇၀) ဦးရှိ အောင်ချက်ရာခိုင်နှုန်းမှာ ၅.၄၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)