တနင်္သာရီ ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က(တနင်္သာရီ)ကျောင်းနှင့် ပညာရေးမှူးရုံးတို့တွင်ကပ်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ (၁၇၄)ဦးအနက် အောင်မြင်သူ (၈၀)ဦးရှိပြီး တစ်ဘာသာဂုဏ်ထူးရှင်(၂)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၇၈)ဦးဖြစ်ရာ တနင်္သာရီမြို့နယ် ၏ အောင်ချက်ရာခိုင်နှုန်းမှာ(၄၅.၉၈) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
သီသီခိုင်(တနင်္သာရီ)