ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်

ကျွန်းလှ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း ဧက ၁၅၀၀၀ ကျော်စိုက်ပျိုးပြီး လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၄၉၉၅ ဧက လျာထားပြီး လက်ရှိအချိန်ထိ ၁၅၀၁၆ ဧက လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရာမှာ ပဲစင်းငုံသီးနှံနဲ့ သီးညှပ်စိုက်ပျိုးကြသလို သီးသန့်လည်း စိုက်ပျိုးကြပါတယ်။ အစေ့ထုတ်ပြောင်းမှာ တောင်သူတွက်ခြေကိုက်သီးနှံဖြစ်ပြီး ပြောင်းရိုးကိုလည်း ကျွဲ၊ နွားစာအဖြစ် အသုံးပြုရတဲ့အတွက် တို့ချဲ့စိုက်ပျိုးလာကြပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ‌ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက စိုက်နည်းစနစ်မှန်ကန်ရေး၊ ဖောငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်း အသိပညာပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သေည်လည်း ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး စပါးအပြင် သီးနှံမျိုးစုံနှင့် နှစ်ရည်ပင်သီးနှံများ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို