ထားဝယ် ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားလူငယ်များယှဉ်ပြိုင်သည့် Dawei eSports Tourmament 2025 အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့ကျင်းပသည့် eSports ပြိုင်ပွဲသည် တိုင်းဒေသကြီးရှိလူငယ်များအတွက် နည်းပညာ၊ ဖန်တီးမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးနိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ eSports သည် ယနေ့ခေတ်၏ တိုးတက်လာ သည့် နည်းပညာပေါ် မူတည်သော အားကစားပုံစံ တစ်ခုဖြစ်ပြီး လူငယ်များအကြား စိတ်ဝင်စားမှုကြီးမားလာကြောင်း၊ ဒေသတွင်း လူငယ်များ၏ နည်းပညာအသုံး ပြုနိုင်မှု၊ စွမ်းရည် ပြသမှု၊အသင်း အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် မျှော်လင့်ချက် မြင့်မားသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အင်အားစုတစ်ခုဖြစ်ကြောင်း ၊တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လူငယ်များဖွံ့ဖြိုးရေးအတွက် နည်းပညာနှင့် အားကစားကဏ္ဍများတွင် အခွင့်အရေးများ ဖန်တီးပေးရန်နှင့်လူငယ်များစွ မ်းရည်ဖော်ထုတ်ခွင့်ရရှိနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း eSports ပြိုင်ပွဲများသည်လူငယ်များအကြား ချစ်ကြည်ရေး၊ဂုဏ်သိက္ခာနှင့် ယှဉ်ပြိုင်မှုဝါဒကောင်းများ တိုးတက်လာစေသည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ ယှဉ်ပြိုင်မှုမှတစ်ဆင့်လူငယ်များအတွက် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ အသင်းအဖွဲ့လိုက် လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် တိုးမြှင့်ပေးနိုင်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူငယ်ဖွံ့ဖြိုးရေး အတွက် အခြေခံအဆောက်အအုံ ဖန်တီးပေးခြင်း၊ နည်းပညာသင်ကြားရေးများ ချဲ့ထွင်ပေးခြင်း၊ အားကစားနှင့် eSports ဆိုင်ရာ လေ့ကျင့်ရေးများ ပံ့ပိုးပေးခြင်းတို့ကိုဆက်လက် ပြုလုပ်ပေးသွားမ ည်ဖြစ်ကြောင်း၊ ယနေ့ပြိုင်ပွဲအတွင်းပါဝင်ယှဉ်ပြိုင်လာကြသည့်လူငယ်များ အနေနှင့်ပြိုင်ပွဲမှတစ်ဆင့် ကိုယ်ပိုင်စွမ်းရည်၊ စိတ်ဓာတ်အားကောင်းမှုများ တိုးတက်လာအောင် အတွေ့အကြုံများ ရရှိနိုင်မှာဖြစ်ကြောင်း၊ ယခု Dawei eSports Tournament 2025. ပြိုင်ပွဲသည် တိုင်းဒေသကြီး လူငယ်များ၏ အနာဂတ်အတွက် နည်းပညာနှင့်ဖန်တီးမှုကဏ္ဍတွင် တိုးတက်မှုဆီသို့ လျှောက်လှမ်းရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ eSports လောကတွင် တိုင်းဒေသကြီး၏ နာမည်ကောင်းများ ထွန်းလင်းလာစေမှာဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူငယ်များယှဉ်ပြိုင်သည့် Dawei eSports Tournament.2025 ပြိုင်ပွဲ ကိုအောင်မြင်စွာကျင်းပနိုင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါသောသူများအားလုံးများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် eSports ပြိုင်ပွဲဝင်အသင်းများက အသင်းအလိုက် မိတ်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးတို့က eSports ပြိုင်ပွဲဝင်အသင်းများနှင့် စုပေါင်းမှတ် တမ်း ဓာတ်ပုံရိုက်ကူးကြသည်။
ပြိုင်ပွဲ eSports ပြိုင်ပွဲဝင်အသင်း (၈)သင်းတို့က ဇူလိုင် ၂၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)