ရွှေဘို ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်ကအဆိုပါတက္ကသိုလ်ရှိအားကစားရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အားကစားသမားများက ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမေက္ခချုပ်ဆရာမကြီး ဒေါက်တာမြယာဥ်ယာဥ်ငြိမ်းနှင့်ဆရာ၊ ဆရာမများအားအလေးပြုပြီး၊ အားကစားသစ္စာအဓိဌာန်ရွက်ဆိုခဲ့ပြီးနောက် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက ကျောင်းသားမောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေပျော်၍စာတော်သောလူငယ်လေးများ ဖြစ်အောင်ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့်အလေ့အထကောင်းရရှိစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာနိုင်မှာဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံး ညီညွတ်မှုများရရှိကာ ချစ်ခင်ရင်းနှီးလာမှာဖြစ်ကြောင်း၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးမှာဖြစ်ကြောင်း၊ ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွက်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ်ကျင်းပပေးသွားမည်ဖြစ်ပြီးကြောင်း ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် ဘာရပ်အလိုက်အသင်း(၈)သင်းသည် (၂၆.၇.၂၀၂၅မှ၂၈.၇.၂၀၂၅)ရက်နေ့အထိ ကစားသွားမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ဒသနိကနှင့် သတ္တဗေဒအသင်း၊ သင်္ချာနှင့် သမိုင်းအသင်းတို့ ယှဥ်ပြိုင်ကစားရာ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ဌာနမှူး(ပါမောက္ခ)များ၊ မော်ကွန်းထိန်းများနှင့် သင်ကြားရေး ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်