လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ‌ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

လပွတ္တာ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မျိုးမြင့်က သင်တန်းသား၊ သင်တန်းသူများအား လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဟောပြောခြင်း၊ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)