စလင်း ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ၊ အသိပညာပေး ဆွေးဆွေးနွေးပွဲကို၊ ယနေ့နံနက်(၉)နာရီခွဲအချိန်က၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဦးမင်းသီဟဇော်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ များနှင့်ပတ်သက်၍၊ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်စား၊ ဒုရဲအုပ်သင်းမာဖြူဖွေးက အဂတိလိုက်စားမှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇေယျာလင်းက၊ အဂတိလိုက်စားမှု ဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက၊ ရှင်းလင်းဆွေးနွေးပြောကြားမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာအဖွဲ့ဝင်အသီးသီးက၊ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ စာရေးဝန်ထမ်းများအား အသိပညာပေးပြောကြားခဲ့သည့်။ ဌာနဆိုင်ရာအသီးသီးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသီဟဇော်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် တက်ရောက်လာသူများအား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး၊ လက်ကမ်းစာစောင်များ၊ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)