ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ဘုတ်ပြင်း  ဇူလိုင်   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မဲရုံးအသီးသီးတွင် မဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့်သူများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းဦးနှင့် တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းဦးတို့က မဲပေးစက်ကိုင်တွယ်အသုံးပြုရခြင်းနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးသန့်က မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာများအား ရှင်းလင်းပြသသင်ကြားပို့ချပေးခဲ့သည်။သင်တန်းကို သင်တန်းသားသင်တန်းသူ (၁၀၇)ဦးအား ပထမကြိမ် (၅၃)ဦး၊ ဒုတိယအကြိမ်(၅၄)ဦး ဖြင့် ဇူလိုင်လ ၂၅ ရက်မှ ဇူလိုင်(၂၈) ရက်နေ့အထိသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)