ပခုက္ကူ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံစာစောင် ပြသခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားအမျိုးအစားများ၊ ကလေးအလုပ်သမားဥပဒေများ၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ၊ ကလေးအလုပ်သမား အများဆုံးတွေ့မြင်ရသော အလုပ်နေရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆောင်ရွက်ရမည့် နည်းလမ်းများ၊ စိတ်ကိုပြောင်းလဲစေသော စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူယစ်ဆေးဝါးသုံးစွဲသူများ ခံစားရရှိနိုင်သည့် ဆိုးကျိုးပြဿနာများ၊ မူးယစ်ဆေးဝါးကို တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်သိမ်းဆည်းခြင်းပြုလုပ်သူများအား အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်ပြသရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)