ကန်ကြီးထောင့်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေးစီးရေလာကောင်းမွန်စရေး ရေမြောင်းများ ရှင်းလင်း

ကန်ကြီးထောင့် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများအား မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စရန်အတွက် ရေမြောင်းများ တူး‌ဖော်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၅)ရက်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဦးသန်းစိုးလွင်၏ ကြီးကြပ်မှုဖြင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးတင်မျိုးထွဋ်မှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှေ့တလျှောက်ရှိ ရေမြောင်းများအတွင်း အမှိုက်သရိုက်၊ ခြုံနွယ်၊ ပိတ်ပေါင်းမျအား ရှင်းလင်းခြင်းနှင့် Backhoe ဖြင့် မြေသားများပြန်လည် တူးဖော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)