ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဖျာပုံ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဖျာပုံမြို့ပြည်သူ့ အားကစားကွင်းကြီး၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဥ်အဖြစ် ဖျာပုံမြို့နယ်အမျိုးသမီးဘောလုံးအသင်းနှင့် ဘိုကလေးမြို့နယ် အမျိုးသမီးဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ပင်နတီနိုင်ဂိုးဖြင့် ဖျာပုံမြို့နယ် အမျိုးသမီးဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသော ဖျာပုံမြို့နယ်အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆု ရရှိသော ဘိုကလေးမြို့နယ် အမျိုးသမီးဘောလုံးအသင်း၊ တတိယဆုရရှိသော ကျိုက်လတ်မြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် အကောင်းဆုံးအားကစားဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်

(ဖျာပုံခရိုင်ပြန်/ဆက်)