နတ်မောက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာလိမ်လည်ထုတ်ယူခြင်းမှကင်းဝေးနိုင်စေရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စရေန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (UID) UniqueIdentity ကတ်များအား မြို့နယ်စီးပွားရေးဘဏ်(ခွဲ)တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှိ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ရုံးဝန်ထမ်းများကBiometric(UID)စနစ်ဖြင့် UID Card မပြုလုပ်ရသေးသော အငြိမ်းစားဝန်ထမ်းများအား UID Card များပြုလုပ်ပေးခဲ့ရာ နတ်မောက်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၆၂၀)ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။
သတင်းပေးပို့သူ