နတ်မောက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရွှေဝါလမ်းကွန်ကရစ်ခင်းရန် မြေသားပြုပြင်ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်တို့က ကြီးကြပ်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရွှေဝါလမ်းအရှည် (၁၅၄ ဒသမ ၆) မီတာလမ်းအား ကွန်ကရစ်လမ်းပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေး ဝင်ထွက်သွားလာလွယ်ကူ၍ မိုးတွင်းကာလ၌ ဗွက်ထူခြင်း၊ ရေဝပ်ခြင်း စသည့် သွားလာမှုခက်ခဲခြင်းများမှ ကင်းဝေးစေကာ အများပြည်သူစိတ်ချမ်းမြေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာက ပြောပြခဲ့သည်။
လှဝင်း