ဇလွန်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ( UID )ကတ်များ ထုတ်ပေးခြင်းဆောင်ရွက်

ဇလွန် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယနေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် (UID )ကတ်များ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ (UID)ကတ်များ ဆောင်ရွက်ပေးနေမှုအား မြို့နယ်လူဝင်မှု ကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင်နှင့်ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင်ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝေယံ