မြောင်းမြ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များ အား Biometric အချက်အလက်များနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူများက ဇူလိုင်လ (၂၁) ရက်နေ့မှစ၍ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့်အဖွဲ့ဝင်များက ပင်စင်လာရောက်ထုတ်ယူနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား များအား Biometric Data UID များဆောင်ရွက်ပေးနေမှုအား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုများအား ဇူလိုင်လ (၂၁) မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ (၂၃) ရက်မနေ့အထိ စုစုပေါင်း (၃၇) ဦး ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိနေသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ