မြောင်းမြမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်းပျက်ဆီး

မြောင်းမြ ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပွတ်ခရိုင်ကျေးရွာတွင် ယနေ့နံနက် (၅း၀၀) နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျရာ လူနေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့လေးပြင်းတိုက်ခတ်မှုကြောင့် လုံးပတ် (၅) ပေခန့်၊ အမြင့် (၂၅) ပေခန့်ရှိ ကုက္ကိုပင်မှာ ပွတ်ခရိုင် ကျေးရွာရှိ ဦးညွန့်ရှိန်၏  အလျား (၆၀) ပေ၊ အနံ (၁၈) ပေ၊ အမြင့် (၂၅) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် ခေါင်းရင်းဘက်ခြမ်းသို့ လဲကျခဲ့ရာ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး (၁၅) သိန်း ကျပ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လဲကျသည့်ကုက္ကိုပင်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်အား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီ ရှင်းလင်းပေးခဲ့ပြီး နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်ဆီးခဲ့မှုတွင် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

ဇေယျာ