လဟယ် ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၂/၂၀၂၅) ကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဖတ်ကြားတင်ပြပါသည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်း ကအဖွင့်အမှာစကားပြောကြားရာတွင် တင်ဒါအောင်မြင်သသည့်ကုမ္ပဏီများကို စာချုပ်အမြန်ချုပ်ဆိုပြီး သတ်မှတ်ကာလအတွင်းအရည်အသွေးပြည့်မှီရေး သက်ဆိုင်ရာဌာနများမှ ကြပ်မတ်ဆောင်ရွက်သွားရန် စိုက်ပျိုးရာသီမှာ လျာထားဧက ပြည့်မှီအောင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်မှာကြားပါသည်။
ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကဖြည့်စွက်ဆွေးနွေးပါသည်။ ထို့နောက် (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်အတွက် နာဂဒေသ၊ ဒေသန္တရစီမံကိန်းအကာင်အထည်ဖော်ရေးဆွဲ နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြည့်သည့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဒေသစီမံကိန်းဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ပါသည်။
၎င်းနောက် ဒေသအဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုတင်ပြကြရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့၀င်များကပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရပါသည်။
မြို့နယ် (ပြန်/ဆက်)