ဇလွန် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဆင-ကတော့ကရက်-ကျွန်းတော - စွန်ပိ-ကျည်းသုံးပင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာအား ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည့် ပဆင-ကတော့ ကရက်- ကျွန်းတော-စွန်ပိ-ကျည်းသုံး ပင်လမ်းလုပ်ငန်းသည် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း(၉၃. ၆၈၉)ဖြင့် ဆောင်ရွက်မည့်လမ်းဖြစ်ပြီး အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၂၂ )ရွာမှ လူဦးရေ (၅၉၃၃)ဦးတို့ကို အကျိုးပြုမည့်လမ်းဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်