မြဝတီ ဇူလိုင် ၂၄
မြဝတီမြို့တွင် ပင်စင်ထုတ်ယူနေကြသည့် အငြိမ်းစားဝန်ထမ်းများအား UID(Unique Ldentity) ကတ် ဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီမြို့နယ် ဦးစီးမှူးရုံးတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းဦးဆောင်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများမှ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူစဉ် တစ်ပြိုင်တည်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများအား UID (Unique Ldentity) ကတ်ဆောင်ရွက်ပေးခြင်းဖြင့် ပင်စင်လစာ လိမ်လည်ထုတ်ယူခြင်းမှကင်းဝေးစေနိုင်ရန်၊ လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)