ပခုက္ကူ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity နံပါတ်များ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးရာတွင်အဆင်ပြေစေရန် Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသူများအား Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ လိုအပ်သည့်ကိုယ်ရေးအချက်အလက်ထည့်သွင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်မှ ၂၃ ရက်နေ့အထိ အမျိုးသား ၁၃၉ ဦး၊ အမျိုးသမီး၂၁၇ ဦး စုစုပေါင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစား ၄၄၈ ဦးတို့အား ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသူများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)